မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို အေးချမ်းစွာ ဖြေဆို

မြင်းခြံ ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ် ဖြေဆိုနေကြသည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြပြီး စာမေးပွဲဖြေဆိုနေစဉ် အခက်အခဲများ မဖြစ်ပေါ်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ရေး လမ်းညွှန်မှုပေးခဲ့သည်။

မြင်းခြံမြို့နယ်တွင် အထက-၁(မြင်းခြံ) စာစစ်ဌာနတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၁၁၉) ဦးနှင့် ကျောင်းသူ (၁၈၄) ဦး စုစုပေါင်း(၃၀၃) ဦး၊ ဖြေဆိုသူ ကျောင်းသား (၁၁၉) ဦးနှင့် ကျောင်းသူ (၁၈၁)ဦး စုစုပေါင်း (၃၀၀) ဦး ဖြေဆိုကာ ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသူ (၃) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်စွာ(မြင်းခြံ)