ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ၂၀၂၅ ခုနှစ်  မြန်မာနိုင်ငံအမျိုးသမီးများ‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းကြိုကျောင်းကလေးများအား အာဟာရကျွေးမွေးလှူဒါန်း

ရပ်စောက် ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်ညိုမီစောက ရပ်စောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းရှိ ကလေးများအား အာဟာရဒါနလှူဒါန်းခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ရပ်စောက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှတာဝန်ရှိသူများက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းမှကလေးများနှင့် ရင်းနှီးစွာတွေ့ဆုံပြီး ကလေးများကသီချင်းများ၊ ကဗျာများရွတ်ဆို၍ ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယကမှ လှူဒါန်းသောကြက်သားဆန်ပြုတ်နှင့်အာဟာရဖြစ်စေရန် နွားနို့ကို မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်က ရပ်စောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များနှင့် မူလတန်းကြိုကျောင်းမှ ဆရာမများက ကလေးငယ် (၅၃) ယောက်အား ကျွေးမွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ ဆက်