ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

ညောင်ရွှေ ဇွန် ၁၉

၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ် ဦးစီးအရာရှိ ဦနေမျိုးသူရိန်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်ခံစားရသည့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း၊ မျက်မောက်ခေတ် စိတ်ကြွရူးသွပ်ဆေးများအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများအကြောင်းနှင့် ကျောင်းသားလူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသည့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများအတွက် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာနခန်းမ၌လည်းကောင်း၊ မူလတန်းအဆင့်ကျောင်းသား/ ကျောင်းသူလေးများအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကလေးစာဖတ်ခန်း၌လည်းကောင်း ကျင်းပြပြုလုပ်ပေးခဲ့ပြီး ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူလေးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ