တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးကကြီးမှူး၍ Basic Educational Science Workshop (2025) ကျင်းပ

အောင်မြေသာစံ ဇွန် ၁၉                                   

တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးက ကြီးမှူးကျင်းပပြုလုပ်သော Workshop on Basic Educational Science (2025) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်က တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းစက်ရုံ၊ ဧကရာဇ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာ သိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ ဌေးလွင်၊ တိုင်းရင်းဆေးတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဆေးတက္ကသိုလ်မန္တလေးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာဥမ္မာမြင့်သိန်း၊ တိုင်းရင်းဆေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဦးသာဝင်း၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခ/ဌာနမှူးများ၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ ဆေးရုံအုပ်ကြီး၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းစက်ရုံ စက်ရုံမှူးနှင့် သင်တန်းသား/သူ(၃၀)ဦး၊ Obsever (၂၀)ဦးတို့ တက်ရောက်ကြသည်။

အစီအစဉ်အရ တာဝန်ရှိသူများက အမှာစကားပြောကြားကြပြီး အမှတ်ရစုပေါင်းဓါတ်ပုံ ရိုက်ကူးကြကာ Workshop ကို အစီအစဉ်အတိုင်းကျင်းပပြုလုပ်ကြသည်။

Workshop on Basic Educational Science (2025) အခမ်းအနားကို ဇွန်လ (၁၉)ရက်နေ့မှ (၂၀)ရက်နေ့ထိ (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)