အောင်မြေသာစံ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ကြည့်ရှု့အားပးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့်တာဝန်ရှိသူများလိုက်ပါလျက် နံနက် ၉ နာရီတွင် အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၄၀)၊ မန္တလေးဗဟိုအကျဉ်းထောင်ရှိအထက (၂၅)တန်းခွဲ စာစစ်ဌာနသို့လည်းကောင်း၊ ၁၀ နာရီတွင် ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်၊ ၂၄လမ်း၊ ၈၀×၈၁ လမ်းကြားရှိ အ-ထ-က(၁)စာစစ်ဌာနသို့လည်းကောင်း၊ ၁၀ နာရီ ၁၀ မိနစ်တွင် ၂၄လမ်း ၊ ၈၁×၈၂ လမ်းကြားရှိ အ-ထ-က(၄)စာစစ်ဌာနသို့လည်းကောင်းအသီးသီး သွားရောက်ပြီး စာဖြေခန်းများ တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ Grade -12 ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုနေမှုများကိုလိုက်လံကြည့်ရှုကာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအားတွေ့ဆုံကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)