မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး

အမရပူရ ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲအချိန်က အမရပူရမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆို​နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ တို့သည် စာဖြေခန်းများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ Grade -12 ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုနေမှုများကိုလိုက်လံကြည့်ရှုပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအားတွေ့ဆုံကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)