အမရပူရမြို့ပေါ်ရှိ ငလျင်ဒဏ်သင့်အိမ်ထောင်စုများအား ဆန်၊ ဆီနှင့်ပဲများထောက်ပံ့

အမရပူရ ဇွန် ၁၉

မန္တလေး၊ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့ကကြီးမှူး၍ မြန်မာပြည်ဖွား တရုပ်မျိုးနွယ်စုများနှင့် စေတနာရှင်၊အလှူရှင်များ စုပေါင်း၍ မန္တလေး၊အမရပူရမြို့နယ်ရှိ ငလျင်ဒဏ်သင့်ပြည်သူများအား ဆန်၊ဆီနှင့်ပဲ ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အမရပူရမြို့နယ်၊ လေးစုရပ်ကွက်ရှိ စံပြမေတ္တာလူမှုကူညီရေးအသင်းတွင် ပြုလုပ်ခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် အမရပူရမြို့‌ပေါ်ရှိ တောင်ကြီးရပ်ကွက်မှ အိမ်ထောင်စု (၁၂၀)စု၊ မှန်တန်းရပ်ကွက်မှ အိမ်ထောင်စု(၄၅၀)စု၊ ဈေးချိုရပ်ကွက်မှ အိမ်ထောင်စု (၇၀)စု၊ ရွှေဂွမ်းထုပ်ရပ်ကွက်မှ အိမ်ထောင်စု(၉၆)စု၊ ဆင်စွယ်ပွတ်ရပ်ကွက်မှ အိမ်ထောင်စု(၇၁)စု၊ အိုးတော်ရပ်ကွက်မှ အိမ်ထောင်စု (၁၉၅)စု၊ လေးစုရပ်ကွက်မှ အိမ်ထောင်စု (၁၀၂)စုနှင့် ကျန်တန်းရပ်ကွက်မှ အိမ်ထောင်စု(၁၂၅)စု၊စုစုပေါင်း အိမ်ထောင်စု(၁၂၂၉)စု တို့အား ဆန်(၆)ပြည်၊ကုလားပဲ တစ်ပိဿာ၊စားဆီ (၄၃)ကျပ်သားဘူးတစ်ဘူးစီကို ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာပြည်ဖွားတရုပ်မျိုးနွယ်စုများနှင့် စေတနာရှင်၊ အလှူရှင်များက တစ်ဦးခြင်း ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။

စိုးသီဟ(အမရ)