မိုးနဲမြို့နယ် ပေါ့မိုင်းအ‌ခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မိုးနဲ ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပေါ့မိုင်းရပ်ကွက် အမှတ် (၃)ပေါ့မိုင်း အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေနှင့် ဝန်ထမ်းများက မြို့နယ်အခြေခံပညာဦးစီးဌာန ဆရာ/မများနှင့်ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်မွမ်းဆိုင်က စာကြည့်တိုက်လုပ်ငန်း ပိုမိုတွင်ကျယ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင်ပြင်ပဗဟုသုတများ ရရှိစေရန်၊ ကာယ၊ ဉာဏနှင့်ပြည့်စုံသောကျောင်းသား/သူများ ဖြစ်စေရန်၊ ဟောပြောပွဲ အတွေ့အကြုံများရရှိစေရန်၊ စကားပြောစွမ်းရည်များ ပိုမိုတိုးတက်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာများ ပိုမိုဖလှယ်နိုင်ကြစေရန်နှင့် စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေရန် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။ ဆက်လက်၍ ကျောင်းသား/သူများ ကလေးအလုပ်သမားနှင့်ပတ်သတ်ပြီး ပိုမိုသိရှိနားလည်နိုင်စေရန် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်အား ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲများ နံရံကပ်စာစောင်ပြသခြင်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရုံးရှေ့မြေစိုက်ပြဘုတ်တွင် အများပြည်သူများ သိသင့်သိထိုက်သည့် နံရံကပ်စာစောင်များကိုလည်း ပြသလျက်ရှိကြောင်း သိရသည်။

ဦးဇင်ကိုကို