ပင်းတယမြို့နယ်တွင် အခြေခံစက်ချုပ်(မွမ်းမံ)သင်တန်းဆင်းပွဲ ကျင်းပ

ပင်းတယ ဇွန် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အခြေခံစက်ချုပ်(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့ နံနက်ပိုင်းက ကျုံးစံပြကျေးရွာရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်က အဖွင့်အမှာစကားပြောကြားပေးသည်။ ထို့နောက် ဒေသအသေးစားစက်မှုလက်မှုဦးစီးဌာန ဒေသဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသူ/သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထွက်ကုန်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါစက်ချုပ်သင်တန်းအား ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းသူ စုစုပေါင်း ၁၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)