အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြပွဲ ပြိုင်ပွဲများ ကျင်းပ

ဝမ်းတွင်း ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေးက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  အခြေခံပညာအထက်တန်းကျောင်းခွဲ ဝမ်းတွင်း(၁) ဆရာမ ဒေါ်ဌေးဌေးက  စာစီစာကုံးပြိုင်ပွဲ စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဒိုင်းဆုများ အသီးသီးပေးခဲ့ချီးမြှင့်ကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲ၊ ပြပွဲများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ ဝမ်းတွင်း(၁)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲ အပြီးတွင် ခင်းကျင်းပြသထားသော နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြသည်။

မြို့နယ်ပြန်/ဆက်