မိုးနဲ ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ရုံးဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ရုံးဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ်ထောက်ပံ့ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ရုံးဝန်ထမ်းသား/သမီး တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်အဆင့်၊ မူလတန်းကြိုအဆင့် စုစုပေါင်း ကျောင်းသား/သူ (၂၅)ဦးတို့အား ထောက်ပံ့ငွေကျပ် ခြောက်သိန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်နှင့် တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)