မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လုံခြုံရေးအဖွဲ့များအား တွေ့ဆုံအားပေးစကားများ ပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

ချမ်းအေးသာစံ ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇွန်လ (၁၈) ရက်နေ့ နံနက်ပိုင်းက ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာနရှိ အနော်ရထာခန်းမ၌ ကျင်းပသည့် ညောင်ဦးခရိုင်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီးနောက် ညောင်ဦးခရိုင်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် ဆန်၊ ဆီနှင့်အခြေခံစားသောက်ကုန်များကို တပ်ဖွဲ့ဝင်များထံ ထောက်ပံ့ပေးအပ်ပြီးနောက် တပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်