မက်မန်း ဇွန် ၁၉
ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မက်မန်းမြို့နယ် ရောင်အူ(ဝ) ကျေးရွာအုပ်စု၊ မငေါက်ကျေးရွာ မူလတန်းကျောင်း စာသင်ဆောင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မက်မန်းခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မိမိဌာနတစ်ခုခြင်းစီမှ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ကာ မငေါက်ကျေးရွာ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ၊ စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများ၌ မူလတန်းမှ အထက်တန်းအဆင့်ထိ တက်ရောက်နိုင်ရန် ကျောင်းသားမိဘများမှ အလေးထားဆောင်ရွက်ပေးနိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးအစရှိသော ကဏ္ဍများအလိုက် သက်ဆိုင်ရာဌာန အသီးသီးမှ ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အေဇက်ထွန်း(မက်မန်း)