မိုးနဲ ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါကျောင်း တန်းစီကွင်းနေရာ၌ ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများအားလုံးက ကျောင်းကောင်စီတေးသီချင်း သံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအိအိစံက ကျောင်းကောင်စီကတိသစ္စာခံယူရခြင်းနှင့်စပ်လျဥ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းကောင်စီအမှုဆောင်အဖွဲ့ဒုတိယဥက္ကဋ္ဌ ဒေါ်သီသီထွန်းက ကျောင်းကောင်စီအမှုဆောင်အဖွဲ့ အမည်စာရင်းကိုလည်းကောင်း ဖတ်ကြားကြေညာပြီး ကျောင်းကောင်စီအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူအားလုံးတို့က ကတိသစ္စာခံယူခဲ့ကြသည်။
ထို့နောက် ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအိအိစံက တာဝန်အထိမ်းအမှတ် အလံများပေးအပ်ရာ တာဝန်ရှိသူ ဆရာ၊ ဆရာမများက အသင်းအလိုက်လက်ခံရယူကြပြီး နိုင်ငံတော်သီချင်းကို စုပေါင်းသံပြိုင်သီဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)