တန့်ယန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ ပြသ

တန့်ယန်း ဇွန် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် အသိပညာပေး နံရံကပ်စာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ၌ ပြသထားလျက်ရှိသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ဘုတ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြောင်း၊ မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့် ဆိုးကျိုးအကြောင်း သိကောင်းစရာများအား အသိပညာပေး ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက နံရံကပ်စာစောင်အား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)