ကလော ဇွန် ၁၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများနှင့်အတူ ဇွန်လ(၁၇)ရက်နေ့မွန်းလွဲ(၂)နာရီခွဲက ကလောမြို့ မောမြေဦးပန်းခြံ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ အဆောက်အဦလုပ်ငန်း ဆောင်ရွက်မည့်နေရာနှင့် ပုံစံငယ်များအားကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ကလောမြို့ဘူတာရုံသို့ သွားရောက်ကာ ကလောဘူတာရုံအဆောက်အဦ ပြန်လည်ပြုပြင် သန့်ရှင်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က ဘူတာရုံအဆောက်အဦအား မူလလက်ရာမပျက် ဆောင်ရွက်ပေးကြရန်မှာကြားပြီး ဘူတာရုံရှေ့ရှိ ရေနုတ်မြောင်းဆောင်ရွက်မည့် နေရာနှင့်ဘူတာရုံလမ်းအား မော်တော်ယာဥ်နှစ်စီး သွားလာနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ဘူတာရုံရှေ့လမ်း ကွန်က္ကရစ်လမ်းဘခုံး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မလိုအပ်သည့် ဓာတ်မီးတိုင်ဟောင်းများ ဖယ်ရှားရန်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ ရတနာရပ်ကွက် (၁) နှင့် (၂) အကြားရှိ တံတားအနီး တာယောချောင်းထဲသို့ စီးဝင်သောရေနုတ်မြောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မြောင်းအတွင်းရှိ သဲနုန်း၊ အမှိုက်များ ဆည်ယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်နေပြည်သူများအား အမှိုက်စွန့်ပစ်မှု စည်းကမ်းစနစ်တကျရှိရန် လိုအပ်ပါကြောင်းနှင့် အားလုံးပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမှိုက်မပစ်ရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အမှိုက်စွန့်ပစ်သည့်နေရာများ သတ်မှတ်ပေးရမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)