ရပ်စောက် ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ဗထူးတပ်မြို့နှင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးကြီးကြပ်မှုကော်မတီမှ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးအသင့်စုဖွဲ့ထားရှိမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဗထူးတပ်နယ်အားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များက သဘာဝဘေးဖြစ်ပွားလာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်ယာဉ်များ၊ လူနာတင်ယာဉ်များ၊ ရှင်းလင်းရေးယာဉ်များ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှုအခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဖြိုးမင်း ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများ၊ ရှေးဦးသူနာပြုစုခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အား ဇာတ်တိုက်လေ့ကျင့် သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ဗထူးတပ်နယ်မှူးက လိုအပ်သည်များ လမ်းညွှန်မှာကြားပြီးနောက် ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)