မိုင်းယန်း ဇွန် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ရုံးဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားတွင် မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်က ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ရုံးဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းနှင့်ပက်သတ်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရုံးဝန်ထမ်းသား/သမီး (တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်အဆင့်၊ မူလတန်းကြိုအဆင့်) စုစုပေါင်းကျောင်းသား/သူ (၂၅)ဦးတို့အား ထောက်ပံ့ငွေ (၇၆၀၀၀ဝိ/-)ကျပ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ၂ ဦးစိုင်းလှိုင်ခမ်းမှ သီးခြားထောက်ပံ့ငွေ (၁၂၀၀၀ဝိ/-)ကျပ်၊ စုစုပေါင်း (၈၈၀၀၀ဝိ/-)ကျပ်ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်နှင့် ဇနီးဒေါ်နွယ်နီဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် ဇနီးဒေါ်နင်ခိုတင်ဌေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ၂ ဦးစိုင်းလှိုင်ခမ်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့မှ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး