မုံရွာ ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မန္တလေးငလျင်ကြီးကြောင့် စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် Grade-12 ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်(၉)နာရီက မုံရွာမြို့အမှတ်(၂)အခြေခံပညာ အထက် တန်းကျောင်းနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(အလုံ)တို့တွင် တတိယနေ့ သင်္ချာဘာသာရပ်အား ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မုံရွာမြို့နယ်အနေဖြင့် Grade-12 စာမေးပွဲပြန်လည်ဖြေဆိုခြင်းကို စာစစ်ဌာန(၂)ခုထားရှိ၍ ဇွန်လ (၁၆) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး တတိယနေ့ သင်္ချာဘာသာရပ် ဖြေဆိုရာတွင် မုံရွာမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူ(၄၇၆)ဦး၊ ဖြေဆိုသူ (၄၆၇)ဦး၊ ပျက်ကွက်(၉)ဦးရှိပြီး (၉၈.၁၁) ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေး အထက်တန်း ကျောင်း(အလုံ)တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၅၂)ဦး၊ ဖြေဆိုသူ(၂၄၄)ဦး၊ ပျက်ကွက်(၈)ဦးရှိပြီး (၉၆.၈၃)ရာခိုင်နှုန်း ပြန်လည် ဖြေဆိုခဲ့ကြောင်းသိရသည်။
အဆိုပါ Grade-12 စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ပြန်လည်ဖြေဆိုနိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများသည် စာမေးပွဲဖြေဆိုနေမှုနှင့် ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)