မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ဆေး ထိုးနှံပေး

 အောင်မြေသာစံ ဇွန် ၁၈

ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အသင်းဝင်များနှင့်မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲတစ်နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ နန်းတော်ရှေ့ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံတွင် ပြုလုပ်ကြသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဧရာထက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာသန့်ဇင်လင်းနှင့်ဆရာမများ၊ သူနာပြုများက တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့်အသင်းဝင်များ၏ မိသားစုဝင်စုစုပေါင်း (၃၅၀)ဦးတို့အား ကာကွယ်ဆေးများထိုးနှံပေးကြရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းနိုင်၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်လတ်၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ဇီဝိတဒါနသံဃာ့‌ဆေးရုံ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က ဆေးထိုးမည့်သူများအား Maskများ ဝေငှပေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများဆောင်ရွက်ပေးကြကြောင်း သိရသည်။

(၀၉၃)မြင့်မော်ထွန်း(ပြန်/ဆက်)