ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာရှိ သုဝလီကန်အတွင်းသို့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ

ခိုလမ် ဇွန် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာရှိ သုဝလီကန်အတွင်းသို့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အရာရှိကြီးများ၊ ခရိုင်/မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊  ပြည်သူ့စစ်အဖွဲ့များက ငါးလွှတ်မည့် သုဝလီကန်အတွင်းနေရာယူပြီး မြက်စားငါးကြင်း၊ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ (၁၀၀၀၀) အား ဇီဝိတဒါနအဖြစ် ကုသိုလ်ပြု လွှတ်ပေးခဲ့ကြကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)