မိုးနဲ ဇွန် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးငိုပွယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေနှင့် ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးငိုပွယ်က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ က ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြာခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ရပ်ကွက်/ကျေးရွာစာကြည့် တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ကျေးလက်နေပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားရေးအတွက် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး လုပ်ငန်းများကို ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် စာကြည့်တိုက်ကော်မတီဝင်များက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသီးသီးဆွေးနွေး တင်ပြခဲ့ကြပြီး နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာ သုတစာကြည့်တိုက်နှင့် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ဆီဆုံ(အောင်သပြေ)ကျေးရွာ စစ်သွေးစာကြည့်တိုက်အတွက် သုတ/ရသစာအုပ် ပေါင်း ၃၅၃ အုပ်ကို တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက် တာဝန်ခံများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဝိုးတောင်း