ဒဂုံ ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယမန်နေ့နံနက် (၁၁) နာရီက "အောင်မြင်ရေးသော့ချက်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက အဖွင့်အမှာစကားပြောကြားပြီး စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ book club အဖွဲ့၀င် ဦးနေသူရမှ အောင်မြင်ခြင်းသော့ချက်စာအုပ်ရည်မှန်းချက်ခေါင်းစဉ်မှ ရည်မှန်းချက်ရှိ သူတစ်ယောက်အနေဖြင့် စဉ်းစားဆင်ချင်လုပ်ကိုင်ခြင်းအကြောင်း၊ ရည်မှန်းချက်ကြီးမားသူများနှင့် ပေါင်းသင်းရန်လိုအပ်ကြောင်း၊ မိမိကိုယ် မိမိယုံကြည်မှုမြှင့်တင်ရန်လိုအပ်ကြောင်း၊ တခြားသူများ၏ အောင်မြင်မှုကို အားကျရန်လိုကြောင်း၊ ရည်မှန်းချက်အကြောင်းရေးထားတဲ့ စာအုပ်တွေဖတ်ကြပါဆိုတဲ့ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ Book Club အဖွဲ့၀င် ဒေါ်သင်းနန္ဒာထွန်းမှ တီထွင်မှုစွမ်းရည်ခေါင်းစဉ်ဖြင့် တွေးခေါ်မှုပိုကောင်းအောင်လုပ်ရန်၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုတေသနပြုရန်၊ ပန်းတိုင်ကို အမြဲမျက်ခြေမပြတ်ကပ်နေရန်၊ အိုင်ဒီယာတခုရရချင်း ကောက်မှတ်ထားလိုက်ရန်၊ ကိုယ့်အိုင်ဒီယာကို စိတ်မှန်းနှင့် ဖော်ဆောင်ပြီးရလာဒ်ကို မြင်အောင်ကြည့်ရန်ဆိုတဲ့ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒေါ်မျိုးပပခိုင်မှ ကျန်းမာရေးနှင့် ရုပ်ဆင်းသွင်ပြင်ခေါင်းစဉ်မှ အစားအစာကို ပုံမှန်စားရန်နှင့် အလွန်အကျွံမစားရန်လိုကြောင်း၊ အပြည့်အ၀အနားယူပြီး ကိုယ့်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ရန်၊ ကျန်းမာရေးအမြဲစစ်ဆေးရန်၊ သင့်လျော်သော ၀တ်စားဆင်ယင်မှု၊ တကိုယ်ရည်ကျန်းမာရေးအမြဲစစ်ဆေးရန်၊ သင့်လျော်သော ၀တ်စားဆင်ယင်မှုနှင့် တကိုယ်ရည်ကျန်းမာရေးကို ဂရုစိုက်ရန်၊ တွန့်ကြေနေသော အ၀တ်အစားကို ရှောင်ဖို့လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါစာဖတ်ဝိုင်းသို့ လာရောက်သည့် Book Club အဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၀င်များမှ လူထုအခြေပြုဗဟိုဌာနမှ ပြသထားသော စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
လဲ့လဲ့ (ပြန်/ဆက်)