ဆီဆိုင်မြို့နယ်တွင် ကျေးရွာမြေငှားဂရန်ခွင့်ပြုပေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ဆီဆိုင် ဇွန် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကျေးရွာမြေငှားဂရန်ခွင့်ပြုပေးနိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းအချိန်တွင် မြေငှားဂရန်လျှောက်ထားသည့်နေရာများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

=ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိများက ပင်စုံကျေးရွာအုပ်စု၊ ထီလိုက်ပေးကျေးရွာ ဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော်ထံ သာသနာ့ဂရန်ကို ဆက်ကပ်ခဲ့သည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိများက ပင်စုံကျေးရွာအုပ်စု၊ ထီမန့်ကျေးရွာမှ ကျေးရွာမြေငှားဂရန်လျှောက်ထားသည့် ဒေသခံပြည်သူ အိမ်ထောင်စု (၉၀)စုကို မြေငှားဂရန်ခွင့်ပြုပေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)