တာချီလိတ်မြို့တွင် COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ထိုးနှံပေး

တာချီလိတ် ဇွန် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် COVID-19 ရောဂါကာကွယ်ဆေး Pfizer COMIRNATY JN.1 ကာကွယ်ဆေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် သူနာပြုဆရာမကြီး ဒေါ်တင်မိုးမိုးနှင့် တာဝန်ကျကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံမည့် အသက် ၁၈ နှစ်အထက် ရှိသူများအား ကာကွယ်ဆေးမထိုးနှံမီ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အခြေခံကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး  ဒေသခံပြည်သူ ၂၅၀ ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရိုင်ပြည်သူ့ဆေးရုံ၌ ဇွန်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေ့စဥ် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအချိန်ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)