ပြင်ဦးလွင်မြို့နယ်၌ ပြန်လည်ကျင်းပသည့် ၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တတိယနေ့ သင်္ချာဘာသာရပ်အား ဆက်လက်ဖြေဆို

ပြင်ဦးလွင်  ဇွန်   ၁၈

ပြင်ဦးလွင်မြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ်တက္က သိုလ်ဝင်စာမေးပွဲကို ဇွန်လ  ၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် တတိယနေ့အဖြစ်  သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/‌ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ် ကြည့်ရှုအားပေးလျက်ရှိသည်။

ပြင်ဦးလွင်မြို့နယ်၌  စာစစ်ဌာန (၅) ခုတွင် စာရင်းရှိ  ကျောင်းသား၊ကျောင်းသူ(၃၃၄၇)ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ   သင်္ချာဘာသာရပ်အား  ဝင်ရောက် ဖြေဆိုသူ(၃၃၀၇)ဦးနှင့်  ပျက်ကွက် (၄၀) ဦးရှိသည်။ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉.)ရာခိုင်နှုန်းဖြစ်ရာ  ပျက်ကွက် ရာခိုင်နှုန်းမှာ (.) ရာခိုင်နှုန်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 ခရိုင်  (ပြန်/ဆက်)