စဉ့်ကိုင်မြို့နယ်၌ ပြန်လည်ကျင်းပ‌စစ်‌ဆေးသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ (၁၂၄၄) ဦး ဆက်လက်ဖြေဆို

စဉ့်ကိုင် ဇွန် ၁၈

၂၀၂၄-၂၀၂၅ ပညာသင်နှစ်  (Grade-12) တက္ကသိုလ်ဝင်စာ‌မေးပွဲ ပြန်လည်ကျင်းပစစ်‌ဆေးခြင်းများကို ဇွန်လ ၁၆ ရက်နေ့မှ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျင်းပ‌ဖြေဆိုခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အ.ထ.က(စဉ့်ကိုင်)စာစစ်ဌာန၊ အ.ထ.က(ပလိပ်) စာစစ်ဌာနနှင့် အ.ထ.က(ဘယ်လင်း) စာစစ်ဌာနတို့၌ ယနေ့နံနက်ပိုင်းက တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ကျောင်းသား/သူ (၁၂၄၄) ဦးတို့ စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိ‌‌ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို  အ.ထ.က(စဉ့်ကိုင်) စာစစ်ဌာန၊ အ.ထ.က(ပလိပ်)စာစစ်ဌာနနှင့် အ.ထ.က (ဘယ်လင်း) စာစစ်ဌာန (၃) ခုတို့၌  ‌ဖွင့်လှစ်ခဲ့ရာ (တတိယနေ့) သင်္ချာဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသားဦးရေ (၅၉၅) ဦး၊ ကျောင်းသူဦးရေ (၆၅၆) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူဦးရေ (၁၂၅၁) ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားဦးရေ (၅၉၁) ဦး၊ ကျောင်းသူဦးရေ (၆၅၃) ဦး၊ စုစုပေါင်း ‌ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၂၄၄) ဦး ဝင်ရောက်ဖြေဆိုကာ၊ ပျက်ကွက်ကျောင်းသားဦးရေ (၄) ဦး၊ ကျောင်းသူဦးရေ (၃) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူဦးရေ (၇) ဦး ပျက်ကွက်ခဲ့ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ကျင်းပ စစ်ဆေးသည့် ကာလအတွင်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန် ကျောင်းဝန်းအတွင်းနှင့် အပြင်များ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တပ်မ‌တော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ်စောင့်ရှောက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်) (၃၉၉)