တံတားဦးခရိုင်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade - 12 ) တတိယနေ့ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို

တံတားဦး  ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်း Grade – 12  တတိယနေ့ သင်္ချာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်ကစတင်၍ တံတားဦးခရိုင်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

တံတားဦးခရိုင်တွင် ပြန်လည်ကျင်းပသည့်  ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade-12)တွင် တံတားဦးမြို့နယ်တွင် အ-ထ-က-တံတားဦးစာစစ်ဌာနနှင့် ချောင်းခွစာစစ်ဌာန၊ ငါန်းဇွန်စာစစ်ဌာနဟူ၍ (၃)ခုရှိပါကြောင်း၊ အ-ထ-က-တံတားဦး စာစစ်ဌာနနှင့် ချောင်းခွစာစစ်ဌာနတို့တွင် ဖြေဆိုရန် ကျောင်းသား (၂၉၉)ဦး၊ ကျောင်းသူ(၃၆၇)ဦး စုစုပေါင်း (၆၆၆)ဦး စာရင်းပေးထားသော်လည်း၊ အဆိုပါ စာစစ်ဌာနများတွင် ကျောင်းသား(၂၉၄) ဦး၊ ကျောင်းသူ (၃၆၇)ဦး စုစုပေါင်း(၆၆၁)ဦး ဖြေဆိုသူအားဖြင့် (၉၉.၂၅)ရာခိုင်နှုန်းရှိပါကြောင်း၊ ဒါ့အပြင်  ငါန်းဇွန်စာစစ်ဌာနတွင်  ဖြေဆိုရန်ကျောင်းသား(၁၂၁)ဦး ၊ ကျောင်းသူ(၁၆၄)ဦး စုစုပေါင်း (၂၈၅)ဦး စာရင်းပေးထားသော်လည်း၊ အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၁၁၅) ဦး၊ ကျောင်းသူ (၁၆၂)ဦး စုစုပေါင်း(၂၇၇)ဦး ဖြေဆိုသူအားဖြင့် (၉၇.၁၉)ရာခိုင်နှုန်းရှိပါကြောင်း၊ တံတားဦးခရိုင်အနေဖြင့် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ်  တက္ကသိုလ်ဝင်တန်း Grade - 12  တွင် လာရောက်ဖြေဆိုသည့် ကျောင်းသား(၄၀၉)ဦး ၊ ကျောင်းသူ(၅၂၉)ဦး စုစုပေါင်း(၉၃၈)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၉၈.၆၃)ရာခိုင်နှုန်းရှိကြောင်း တံတားဦးခရိုင်ပညာရေးမှူးရုံးမှသိရသည်။

တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက တက္ကသိလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း လိုအပ်သည့်များနှင့် ထူးခြားဖြစ်စဉ်များဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်နှင့် လုံခြုံရေးကိုလည်း အထူးဂရုပြုကြရန်လိုအပ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ တံတားဦးခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် ဆရာ/များ ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ စာမေးပွဲကြီးကြပ်ရေးမှူးနှင့်တာရှိသူများအားပြောကြားကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)