မူဆယ် ဇွန် ၁၈
ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟိုမွန်ရပ်ကွက်ရှိ မြေစိုက်နံရံကပ်စာစောင်တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် ငလျင်ဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်၊ လေဘေးအန္တရာယ်နှင့် မြေပြိုဘေးအန္တရာယ်များအကြောင်း၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး စာစောင်များနှင့် မိုးရာသီတွင် အဖြစ်များသော ကျန်းမာရေးဆိုင်ရာ အသိပညာပေးစာစောင်များကို ပြသထားကြောင်း သိရသည်။
မူဆယ်မြို့ရှိ အသိပညာပေး နံရံကပ်စာစောင်တွင် လအလိုက် သတ်မှတ်ထားသော နေ့ထူးနေ့မြတ်များ၏ အကြောင်းအရာများကို ပြောင်းလဲပြသခြင်းအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)