အရန်မီးသတ်တပ်ဖွဲ့ဝင်များက သံဃာတော်များအား (၂၀၂)ကြိမ်မြောက်စုပေါင်းဘုံဆွမ်း လောင်းလှူ

အောင်မြေသာစံ ဇွန် ၁၈

မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၏ (၂၀၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလာင်းလှူပွဲကို ဇွန်လ ၁၈ ရက် နေ့နံနက် ၅ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၈၉ လမ်း၊ ၈×၉ လမ်း ကြားရှိ ညောင်ကွဲရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ရုံးရှေ့၌ ယနေ့နံနက် ၅ နာရီက လောင်းလှူကြသည်။

အဆိုပါဘုံဆွမ်းလောင်းလှူကြရာတွင် လေးပြင်၊ လေးရပ်မှဆွမ်းခံကြွလာသော သံဃာတာ်အပါး(၁၂၀)ကျော်တို့အား မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ(၃) တပ်ခွဲမှူး မောင်မောင်(ခ) ဇော်ဝင်းအောင်၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့၊ တပ်စုမှူး တင်မောင်ဆန်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ စေတနာရှင်၊ အလှူရှင်များပူးပေါင်း၍ ဆွမ်း၊ ကြက်သား အာလူးချက်၊ ကုလားပဲချက်၊ ငါးလေးခြောက်ငရုပ်သီးကြော်၊ ပဲတီချဉ်သုပ်၊ အကြော်စသည့် ဆွမ်း၊ဆွမ်းဟင်းလျာများ လောင်းလှူဒါန်းကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)