ဇမ္ဗူသီရိမြို့နယ်၌အခွန်ဆိုင်ရာအသိပညာပေးမှုများဆောင်ရွက်

ဇမ္ဗူသီရိ ဇွန် ၁၈

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချသောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေးမှုများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းတို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် အခွန်တိုးတက်ကောက်ခံရရှိရေးအဖွဲ့များဖြစ်သော သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးကိုကို၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊

မြို့နယ်ရဲတပ်ဖွဲ့နှင့်မြို့နယ်စီမံကိန်းဦးစီးဌာနမှတာဝန်ရှိသူများက ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချသောဆိုင်များတွင်" နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင်အခွန် ဆောင်ပါ" ကြေညာချက် ဗီနိုင်းချိတ်ဆွဲထားမှုအခြေအနေစစ်ဆေးခြင်းနှင့် အခွန်ဆိုင်ရာအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)