ပုဇွန်တောင် ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ရှိ ပြည်သူများ ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်ရေးအတွက် ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ယမန်နေ့ နံနက် ၇ နာရီအချိန်က စတင်ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာ၌ ပြည်သူများအတွက် ကြက်ဥ ၁ လုံးလျှင် ၃၆၅ ကျပ်နှုန်းဖြင့် စုစုပေါင်း ၁၀၀၀၀ လုံးအား အမှတ်(၁)ရပ်ကွက်၊ ၅၁ လမ်းနှင့်အနော်ရထာလမ်းထောင့်၊ အမှတ်(၂)ရပ်ကွက် အနော်ရထာလမ်းနှင့် ၅၄ လမ်းထောင့်၊ အမှတ်(၇)ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းနှင့် ကွက်သစ်လမ်းထောင့်နှင့် အမှတ်(၁၀)ရပ်ကွက်၊ ၄၉ လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထိပ်များတွင် ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချပေးခြင်းကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဉ်နံနက်(၇)နာရီမှ မွန်းတည့်(၁၂)နာရီအထိ ရောင်းချပေးကြောင်း သိရသည်။
ဟန်စုယဉ်