မရမ်းကုန်း ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ရွှေပြည်သာမြို့နယ်၊ အမှတ် (၆) ရပ်ကွက် သီရိမင်္ဂလာလမ်း၊ အမှတ် (၂၄၈) ဦးအောင်မင်း MRCCO.LTD မှ ကြက်ဥအလုံးရေ (၂၀၀၀၀) ထုတ်ယူရရှိခဲ့ပါသည်။
အဆိုပါထုတ်ယူရရှိသော ကြက်ဥများအားမရမ်းကုန်း မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် (၆) နေရာခွဲ၍ ယနေ့ နံနက် ၆ နာရီခွဲ အချိန်က စတင်ရောင်းချခဲ့ရာ နေ့လယ် ၁၂ နာရီခွဲ အချိန်တွင် ကြက်ဥအလုံးရေ (၂၀၀၀၀) အား ရောင်းချပြီးစီးခဲ့ကြောင်း သိရှိပါသည်။
ထိုသို့ ရောင်းချပေးရာတွင် အများပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် တစ်လုံးလျှင် (၃၆၅) ကျပ်နှုန်းဖြင့် မရမ်းကုန်းမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) ရပ်ကွက် အသီးသီးရှိ ကျန်စစ်သားလမ်း၊ ဗဟိုလမ်း၊ ဗိုလ်ချုပ်လမ်း၊ သစ္စာလမ်း၊ နဝဒေးလမ်းနှင့် ဇေယျာခေမာလမ်းတို့ကို ရုံးကားများဖြင့် မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ရပ်ကျေးအဖွဲ့က ဝိုင်းဝန်းကူညီရောင်းချပေးခဲ့ရာ စုစုပေါင်းရောင်းရငွေ ၇၃၀၀၀၀၀ ကျပ် (ခုနှစ်ဆယ့်သုံးသိန်းကျပ်) ရရှိခဲ့ကြောင်း သိရှိသည်။
မြို့နယ် (ပြန်/ဆက်)