လယ်ဝေး ဇွန် ၁၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ အင်္ဂလိပ်စာဘာသာရပ်အား စာစစ်ဌာန ၁၁ ခုတွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က (၁)၊ အ.ထ.က(၂)၊ အ.ထ.က(သပြေပင်)၊ အ.ထ.က(သာဝတ္ထိ)၊ အ.ထ.က(ကန်သာ)၊ အ.ထ.က(ကန်လှ)၊ အ.ထ.က(ဝက္ကမူ)၊ အ.ထ.က(အေလာ)၊ အ.ထ.က(သစ်ပုတ်ပင်)၊ အ.ထ.က(သဲကောကြီး)နှင့် အ.ထ.က(ပျံချီ) တို့တွင် စာစစ်ဌာနများဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ ဖြေဆိုနိုင် ရေးအတွက် စီစဥ်ဆောင်ရွက်ထားရှိသည်။
၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း၂၄၇၇ ဦးရှိပြီး တစ်မြို့နယ်လုံးဖြေဆိုသူမှာ ၉၈ဒသမ၆၈ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လယ်ဝေး မျိုးသန့် (ပြန်ဆက်)