ပျော်ဘွယ်မြို့နယ်တွင်၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(အင်္ဂလိပ်စာဘာသာရပ်) ဆက်လက်ဖြေဆို

ပျော်ဘွယ် ဇွန် ၁၇

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ပြန်လည်ဖြေဆိုခြင်းကို ယနေ့နံနက်(၉)နာရီကစတင်ကာ သတ်မှတ်စာစစ်ဌာန(၈)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား(၈၀၆)ဦးနှင့် ကျောင်းသူ(၁၂၇၈)ဦး၊ စုစုပေါင်း(၂၀၈၄)ဦးရှိပြီး ဖြေဆိုသူကျောင်းသား(၇၉၆)ဦးနှင့်ကျောင်းသူ(၁၂၇၅)ဦး၊ စုစုပေါင်း(၂၀၇၁)ဦးဖြေဆိုကာ ဖြေဆိုရန် ပျက်ကွက် ကျောင်းသား(၁၀)ဦးနှင့်ကျောင်းသူ(၃)ဦး စုစုပေါင်း(၁၃)ဦးရှိကြောင်း‌၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၉.၃၈)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းအရသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)