စဉ့်ကိုင်မြို့နယ်၌ ပြန်လည်ကျင်းပ‌စစ်‌ဆေးသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိနေ့ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

စဉ့်ကိုင် ဇွန် ၁၇

၂၀၂၄-၂၀၂၅ပညာသင်နှစ်  (Grade-12) တက္ကသိုလ်ဝင်စာ‌မေးပွဲ ပြန်လည်ကျင်းပစစ်‌ဆေးခြင်းများကို ဇွန်လ ၁၆ ရက်နေ့မှ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျင်းပ‌ဖြေဆိုခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အ-ထ-က(စဉ့်ကိုင်)စာစစ်ဌာန၊ အ-ထ-က(ပလိပ်) စာစစ်ဌာနနှင့် အ-ထ-က(ဘယ်လင်း) စာစစ်ဌာနတို့၌  ဇွန်လ ၁၇ ရက်နေ့ ယနေ့နံနက်ပိုင်းက ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဆက်လက် ဖြေဆိုလျက်ရှိ‌‌ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို  အ-ထ-က(စဉ့်ကိုင်) စာစစ်ဌာန၊ အ-ထ-က(ပလိပ်)စာစစ်ဌာနနှင့် အ-ထ-က (ဘယ်လင်း) စာစစ်ဌာန (၃)ခုတို့၌  ‌ဖွင့်လှစ်ခဲ့ ရာ (ဒုတိယနေ့) အင်္ဂလိပ်စာဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသားဦးရေ (၅၉၅)ဦး၊ ကျောင်းသူဦးရေ (၆၅၆)ဦး၊ စုစုပေါင်းကျောင်းသား/ကျောင်းသူဦးရေ (၁၂၅၁)ဦးရှိပြီး၊ ဝင်ရောက် ဖြေဆိုသည့် ကျောင်းသား ဦးရေ(၅၉၁)ဦး၊ ကျောင်းသူဦးရေ(၆၅၃)ဦး၊ စုစုပေါင်း ‌ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၂၄၄)ဦး ဝင်ရောက်ဖြေဆိုကာ၊ ပျက်ကွက်ကျောင်းသားဦးရေ (၄)ဦး၊ ကျောင်းသူဦးရေ(၃)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူဦးရေ (၇)ဦး ပျက်ကွက်ခဲ့ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ကျင်းပ စစ်ဆေးသည့်ကာလအတွင်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန် ကျောင်းဝန်းအတွင်းနှင့် အပြင်များ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်နှင့်တာဝန်ရှိသူများ၊ တပ်မ‌တော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်) (၃၉၉)