ပြင်ဦးလွင်မြို့နယ်၌ ပြန်လည်ကျင်းပသည့်၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက်ဖြေဆို

ပြင်ဦးလွင်  ဇွန်   ၁၇

ပြင်ဦးလွင်မြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ  ၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များ၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/‌ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ် ကြည့်ရှုအားပေးလျက်ရှိသည်။

ပြင်ဦးလွင်မြို့နယ်၌  စာစစ်ဌာန ( ၅) ခုတွင်  စာရင်းရှိ  ကျောင်းသား၊ ကျောင်းသူ(၃၃၄၇)ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ   အင်္ဂလိပ်စာဘာသာရပ်အား  ဝင်ရောက် ဖြေဆိုသူ  (၃၃၀၇)  ဦး နှင့်  ပျက်ကွက်  (၄၀)  ဦးရှိသည်။

ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉.၈၀)ရာခိုင်နှုန်းဖြစ်ရာ ပျက်ကွက်ရာခိုင်နှုန်းမှာ (.၂၀) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်  (ပြန်/ဆက်)