မိတ္ထီလာ၌ ဘေးအန္တရာယ် ၉ မျိုးအကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိတ္ထီလာ ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေသခံပြည်သူများထံသို့ ဘေးအန္တရာယ် ၉ မျိုးအကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စည်သာယာရေးအဖွဲ့၏ ဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဈေးကြီးသို့ ဈေးရောင်းဈေးဝယ်လာသည့်ဒေသခံပြည်သူများထံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ဝေသည့် မီးဘေးအန္တရာယ်၊  ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်၊ မိုးခေါင်ရေရှားဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်၊ ဆူနာမီဘေးအန္တရာယ်၊  မြေပြိုဘေးအန္တရာယ်များအကြောင်း သိကောင်းစရာများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို  ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးစိုး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမျိုးမင်းဇော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့စိုး၊  ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ