မြစ်သားမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ အဓိက သီးနှံ(၁၀)မျိုးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မြစ်သား ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ၂၀၂၅ -၂၀၂၆ အဓိကသီးနှံ (၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် မြို့နယ်ဦးစီးမှူး၊ ကွင်းတာဝန်ခံ ရှေ့တန်းမှူး ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က အဆိုပါခန်းမ၌ ​ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးစိုးမင်းနိုင်က မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေးနှင့်အဓိကသီးနှံ (၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မြေ၊ မျိုး၊ ပိုး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း မျိုးစေ့အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်း၊ စိုက်ပျိုးသီးနှံများတွင် ကျရောက်တတ်သော ဖျက်ပိုးများ၏ အလေ့အထနှင့် ကာကွယ်နှိမ်နှင်းနည်းများ၊ သီးနှံအထွက်တိုးနည်းပညာများကို အသီးသီးပညာပေးဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှမြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ယခုလိုပညာပေး ဆွေးနွေးဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်း တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး စိုက်ပျိုးသီးနှံများ တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်လာစေမည်ဖြစ်ကြောင်း ကွင်းတာဝန်ခံ ရှေ့တန်းမှူးဝန်ထမ်းများကို ရှင်း လင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)