သာစည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီ မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းဖွင်လှစ်

သာစည် ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီ မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနယာယီရုံး၌ ဖွင်လှစ်ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ဦးစီးမှူးဒေါ်ဌေးဌေးက သင်တန်းဖွင့်အမှာစကားပြောရာ၌ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် မြို့နယ်အတွင်း စိုက်ပျိုးလျက်ရှိသော သီးနှံများ လျာထားချက်ပြည့်မီကျော်လွန်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် မြို့နယ်မြေအသုံးချတာဝန်ခံ၊မျိုးစေ့တာဝန်ခံနှင့် သီးနှံကာကွယ်ရေးတာဝန်ခံများက မြို့နယ်အတွင်း စိုက်ပျိုးလျက်ရှိသော စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ချည်မျှင်ရှည်ဝါ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာများ ဆွေးနွေးပို့ချကြောင်းသိရသည်။

အဆိုပါသင်တန်းကို ကျေးရွာအုပ်စုတာဝန်ခံဝန်ထမ်းများ၊နယ်မြေတာဝန်ခံဝန်ထမ်းများ စုစုပေါင်း ၃၅ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)