ချမ်းအေးသာစံ ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စာဖြေဌာနအသီးသီးတွင် စိတ်အေးချမ်းသာစွာဖြေဆိုလျက်ရှိသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကာလကို ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ချမ်းအေးသာစံမြို့နယ်တွင် စာဖြေဌာန(၄)နေရာ ထားရှိကာ ယနေ့ မြန်မာစာဘာသာဖြေဆိုရာတွင် စာရင်းရှိ ကျောင်းသား (၁၅၂၈) ဦး၊ ပျက်ကွက်ကျောင်းသား (၁၁) ဦး၊ ဖြေဆိုကျောင်းသား( ၁၅၁၇) ဦး ဖြေဆိုခဲ့ကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးအသင်းအဖွဲ့များနှင့်တာဝန်ရှိသူများသည် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်