တပ်ကုန်း ဇွန် ၁၇
ဦးစွာ နေပြည်တော်ကောင်စီဝနေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်း၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။င် ဦးဇေယျာလင်းက တပ်ကုန်းမြို့နယ် ပေါက်ပင်သာကျေးရွာ၊ ရပ်မိရပ်ဖ ဦးဝင်းမြင့်၏ အိမ်ခြံဝင်းအတွင်း၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ တက်ရောက်ကာ ကျေးလက်နေသင်တန်းသားများ သင်တန်းမှ စာတွေ့၊ လက်တွေ့သင်ကြားမည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်းများကို တတ်မြောက်အောင် သင်ကြားဆောင်ရွက်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းများ မှန်ကန်အောင်ဆောင်ရွက်စိုက်ပျိုးရေး၊ ဒေသထွက်ကုန်များကို ကုန်ချောအဖြစ်ပြုလုပ်ရောင်းချရေး ရှင်းလင်းမှာကြားခဲ့ပြီး၊ သင်တန်းသူများအား တာဝန်ရှိသူများနှင့်အတူ သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့၍ သင်တန်းတွင် သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ ဇွန် ၁၆ ရက်မှ ၂၀ ရက်ထိ တန်ဖိုးမြှင့်စားသောက်ကုန် ငါးမျိုးထုတ်လုပ်ရောင်းချနိုင်သည်အထိ သင်ကြားပေးမည်ဖြစ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ကွင်းအမှတ် ၂၀၄၄ ကွင်း၊ တောင်သူဦးမြ၏ နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ ရောက်ရှိကာ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့နှင့် တွေ့ဆုံကာ နွေစပါးစိုက်ပျိုးမှု၊ အောင်မြင်မှုများ၊ မိုးစပါးပြန်လည်စိုက်ပျိုးမှုများနှင့် ဆည်ရေအသုံးချမှုများ ဆွေးနွေးဆောင်ရွက်ခဲ့ပြီးနောက် စွမ်းအားမြင့် ရိတ်ခြွေစက်ဖြင့် စံကွက်ရိတ်သိမ်းမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း၊ စံကွက်ရိတ်သိမ်းခဲ့ရာတွင် ဒသမ ၁၀ ဧကလျှင် အစို ၁၃ တင်း၊ တစ်ဧကလျှင် ၁၃၀ တင်း ထွက်ရှိခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ရွေးစုကျေးရွာ ဘုန်းတော်ကြီးကျောင်း ရောက်ရှိ၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသီရိန္ဒအား ဖူးမြှော်ကြည်ညိုကာ နဝကမ္မဝတ္တုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် အနော်ရထာရပ်ကွက်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့်အတူ အရိပ်ရသစ်ပင်များဖြစ်သည့် ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ သစ်ဖြူ(စစ်)၊ ရေတမာပင်တို့ကို တစ်ပျော်တစ်ပါး စိုက်ပျိုးပေးခဲ့ပြီးနောက် ဗျိုင်းအင်းကျေးရွာ၊ ပြိုင်အင်းကန်ဘောင်ပေါ်နှင့် ကန်ဘောင်လမ်းဘေး၌ အရိပ်ရသစ်ပင်များ စိုက်ပျိုးပေးမည့်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ မကျီးကုန်းကျေးရွာအနီး၊ ကွင်းအမှတ် ၁၄၅၁ ကွင်း၊ ရာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ပျက်စီးတိမ်ကောခဲ့သည့် စိုက်ပျိုးရေပေးဝေသော ကျေးလက်ရေမြောင်းအား နေပြည်တော်ကောင်စီ၏ ခွင့်ပြုရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရာသီအမီ စိုက်ပျိုးရေကောင်းစွာရရှိရေးအတွက်လည်းကောင်း၊ မိုးရာသီကာလများ၌ ရေကြီးရေလျှံမှုကြောင့် သီးနှံစိုက်ဧကများ ပျက်စီးဆုံးရှုံးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက်စက်ယန္တရားဖြင့် ပြန်လည်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များအား သက်ဆိုင်ရာတာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်