ဒဂုံ ဇွန်လ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ မော်ကွန်းတိုက်လမ်း၊ အမှတ် (၃)အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀:၀၀နာရီက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်စာအုပ်စာစောင်ငှားရမ်းခြင်း၊ ကလေး များကိုပုံပြောပြခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ကြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ပြုံးပြုံးခင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးမှ မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေး၀ါး၏ ၏ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးမှာ အဓိကအုပ်စု(၃)စုဖြစ်သော စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေး၊ စိတ်ကိုပြောင်းလဲစေသောဆေးများ၏ အကျိုးအပြစ်များအကြောင်းကိုရှင်းလင်းပြောကြားခြင်းနှင့် မူးယစ်ဆေးဝါး၏အန္တရာယ်ကို ကြိုတင်ကာကွယ်ရန် လိုက်နာရမည့်အချက်များနှင့် မူးယစ်ကင်းစင်မြန်ပြည်တခွင်အကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ဟောပြောပွဲကိုလာရောက်ကြသော ကျောင်းသား၊ကျောင်းသူများမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို လေ့လာကြည့်ရှု့ခဲ့ကြသည်။ ကျောင်း သား၊ကျောင်းသူများကိုပုံပြောပြခြင်း၊စာအုပ်ငှားပေးခြင်းကို ဒုတိယဦးစီးမှူးဒေါ်မိုးမိုးခိုင်မှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲကို ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူ (၁၈၀)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
လဲ့လဲ့