ကိုကိုးကျွန်း ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်၌ ကိုကိုးကျွန်းမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊Community-Centreခန်းမတွင် ပြုလုပ် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်က ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့်စာပေများကို လေ့လာ ဖတ်ရှု့စေလိုကြောင်း၊စာအုပ်စာပေလူ့မိတ်ဆွေ၊အလိမ္မာစာမှာရှိဆိုရိုးစကားအတိုင်း လူငယ်များအနေဖြင့် ကျောင်းစာနှင့်အသိပညာဗဟုသုတရရှိသည့် စာပေများကို လေ့လာလိုက်စားဖို့လိုကြောင်း သို့မှသာအတွေးအခေါ်များမြင့်မားလာပြီး အသိပညာ ဗဟုသုတများနှင့်ပြည့်စုံကာ ဗလငါးတန်ဖြင့်ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များဖြစ်ကာ အနာဂတ်နိုင်ငံတော်အတွက် အားကိုအားထားရသည့် လူငယ်များပင်ဖြစ်လာမှာဖြစ်ကြောင်းနှင့် လူငယ်ရေးရာဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဥပဒေအရာရှိဦးကောင်းဆက်ဦးမှ မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်းနှင့် လူကုန်ကူးမူတားဆီးကာကွယ်ရေးအကြောင်းအရာများကို လူငယ်များအသိပညာဗဟုသုတရရှိ စေရန် အကျယ်တဝံ့ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများကစိတ်ပါ ဝင်စားစွာလေ့လာကြည့်ရှု့ကြပြီးကျောင်းသား/သူများမှ သိရှိလိုသည်များကိုမေးမြန်ရာ မြို့နယ်ဥပဒေအရာရှိ ဦးကောင်းဆက်ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ဖြေကြားပေးခဲ့ ကြောင်းသိရသည်၊၊
ကိုကိုးကျွန်း