လှိုင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Pfizer comirnart JN1 COVID 19)  ဆက်လက်ထိုးနှံပေး

လှိုင် ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်ခရိုင်၊လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer comirnart JN1 COVID 19)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆေးထိုးနှံပေးရာတွင် လှိုင်မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသော ပြည်သူများ၊ အသက်၁၈နှစ်ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ ထိုးနှံခဲ့ခြင်း မရှိသူများနှင့် ကာကွယ်ဆေးထိုးနှံပြီးခြောက်လပြည့်ပြီးသူများအား(Pfizer comirnart JN1) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ရာ  စုစုပေါင်း(၃၁၀)ဦးထိုးနှံပေးခဲ့ကြောင်း သိရသည်။ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဦးတည်အုပ်စုအလိုက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူ့များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer Comirnart JN1 COVID 19)ကိုထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှသိရသည်။

ဇော်ကြီး