ဗဟန်း ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန၌ လူငယ်များဉာဏ်ရည်၊ဉာဏ်သွေးထက်မြက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့်ပြိုင်ပွဲ၀င်ကလေးများအား ပြိုင်ပွဲစည်းမျဉ်း၊စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်စာစီစာကုံးပြိုင်ပွဲကျင်းပရာကျောင်းသား၊ကျောင်းသူများက ဝဿန်မိုးရာသီခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများကို ရွေးချယ်၍ ဆုလက်ဆောင်များပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်ဆက်)