အင်းစိန် ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလူငယ်များအားဉာဏ်ရည်၊ဉာဏ်သွေးထက်မြက်စေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကဗျာရွတ်၊ပုံပြောပြိုင်ပွဲ၊စာဖတ်စွမ်းရည်အင်္ဂလိပ်စာ၊မြန်မာစာစွမ်းရည်၊ ဉာဏ်စမ်းပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက မိမိတို့ဌာနအနေဖြင့် ယခုကဲ့သို့လူငယ်လူရွယ်များအား အင်္ဂလိပ်စာ၊မြန်မာစာ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ကဗျာရွတ်ပြိုင်ပွဲ၊ပန်းချီပြိင်ပွဲ၊စာစီစာကုံးပြိုင်ပွဲနှင့်ပုံပြောပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြင့် လူငယ်များအသိပညာဗဟုသုတများတိုးပွားလာစေပြီး လူငယ်များဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေကာ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်ပြိုင်ပွဲကိုကျင်းပရာ ကျောင်းသား၊ကျောင်းသူများက ကဗျာရွတ်၊ပုံပြောပြိုင်ပွဲ၊အင်္ဂလိပ်စာ၊မြန်မာစာစာဖတ်စွမ်းရည်၊ဉာဏ်စမ်းပြိုင်ပွဲများကိုတက်တက်ကြွကြွပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများနှင့်ပြိုင်ပွဲဝင်ကလေးများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းနှင့်ဝန်ထမ်းများက ဆုများ အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူများက အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်