လမ်းမတော်မြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ်

လမ်းမတော် ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(CommunityCentre)တွင် ဇွန်လ ၁၁ ရက်နေ့ နေ့လယ်(၁)နာရီအချိန်က မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဝန်ထမ်းများစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရေးနှင့် စာဖတ်သည့်အလေ့အထများရရှိစေပြီး တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများကို အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေခြင်း၊ ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများကိုသိရှိနား လည်စေခြင်း၊လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်မှုများရရှိစေရန်ရည်ရွယ်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေစာအုပ်ဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်စိန်က နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ်အခန်း(၅)ပါ လစာ၊ထောက်ပံကြေး၊ခရီးစရိတ်နှင့် အခြားစရိတ်များ အကြောင်းကို  ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဒုတိယဦးစီးမှူး ဒေါ်လင်းယုလှိုင်ဝင်းနှင့် ဝန်ထမ်းများက အခန်း(၆)ပါ ခွင့်ခံစားခြင်း အကြောင်းအရာများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးက မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)