လှည်းကူး ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၌ မိုးရာသီတွင်အဖြစ်များသောသွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေး ခတ်ခြင်းနှင့်ဖုံး၊သွန်၊ လဲ၊စစ်လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ရိပ်သာရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့တွင် ကျန်းမာရေးဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များတို့ကကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၊ရိပ်သာရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ နေအိမ်များနှင့်ကျောင်းများရှိ ရေကန်၊ရေစည်၊ ရေအိုးများ၊မိုးရေတင်နိုင်သော ခွက်၊တာယာစုတ်၊အိုးခြမ်းပဲ့အုန်းမှုတ်ခွက်၊ညောင်ရေအိုး၊ ပန်းအိုးများတွင် ပိုးလောက်လန်းကာကွယ်ရေးအဘိတ်ဆေးများခတ်ခြင်းနှင့် ဖုံး၊သွန်၊ လဲ၊စစ်လုပ်ငန်းများကိုတစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အေးအေးနွဲ့