တိုက်ကြီးမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းစစ်ဆေး

တိုက်ကြီး ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ယနေ့နံနက်ပိုင်းက ဂျိုးဖြူကျေးရွာအုပ်စု၊ ကျီးပင်ကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။ 

တိုက်ကြီးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အတိုးရငွေကျပ်သိန်း ၆၉၅၈၀၀၀ ရရှိခဲ့ပြီး အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၃ ခုကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူးဦးလှမျိုးအောင်၊ မြို့နယ်ဦးစီးမှူးဒေါ်ဥမ္မာရွှေနှင့်စီမံကိန်းတာဝန်ခံတို့က စိုက်ပျိုးရေးလုပ်ငန်းနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ဝတ်ရည်(ပြန်/ဆက်)